Telenor Myanmar

Telenor Myanmar

Mido

Myanmar ICT for Development Organization

အလင်းအိမ်ဆိုတာ ဘာလဲ။


အလင်း အိမ် (Lighthouse) ဆို တာ Telenor ရဲ့ လူမှုရင်းနှီးမြှုတ်နှံမှု နဲ့ MIDO ရဲ့ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်း ဖွင့်လှစ် ထား တဲ့ ဒီဂျစ်တယ် တတ်မြောက်မှု သင်ကြားရေး စင်တာ တွေဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကျေးလက်နှင့်မြို့ပြ ဒီဂျစ်တယ်နည်းပညာ ကွာဟ မှုကို လျှော့ချ ရန်ဖြစ်ပါတယ်။

အလင်းအိမ် နည်းပညာ စင်တာ ကို ဦးစီးလုပ်ကြ တဲ့ ဒေသခံ လူငယ်လုပ်ငန်းရှင်များဟာ နည်းပညာ ဖွံ့ဖြိုးရေး သင်တန်းများကို ကျေးလက်ဒေသများသို့ သွားရောက်သင်ကြားပေးခြင်း ၊ လက်ဆင့်ကမ်း သင်တန်းပို့ချပေးလို သူများအား ဆရာဖြစ်သင်တန်းများပို့ချပေးခြင်း တို့ကို ပြုလုပ်ကြပါတယ်။ တယ်လီနော မြန်မာနှင့် MIDO ဘက်က အလင်းအိမ်စင်တာအတွက် လိုအပ်သော စက်ပစ္စည်းနှင့် သင်ရိုးညွှန်းတမ်း တွေ အခမဲ့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

အလင်းအိမ် “ICT” နည်းပညာ ဖွံ့ဖြိုးရေး စင်တာများကို တယ်လီနော နှင့် MIDO တို့မှ ပူးပေါင်းပြီး ကျေးလက်နှင့် မြို့ပြ ဒစ်ဂျစ်တယ် နည်းပညာ ကွာဟမှု လျှော့ကျစေရေးနှင့် ဒစ်ဂျစ်တယ် နည်းပညာ တက်မြောက်သူများ ပိုမိုများပြားလာပြီး လည်းကောင်းတို့၏ လူမှုဘဝ တိုးတက်ရေးတွင် ICT နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်စေရန်နှင့် တိုင်းပြည်၏ Digital Economy ဖွံ့ဖြိုးတိုးတက်လာရေးတို့ အတွက်ရည်ရွယ် တည်ထောင်ခြင်းဖြစ်ပါသည်။

အလင်းအိမ် “ICT” နည်းပညာ ဖွံ့ဖြိုးရေး စင်တာများကို တည်ထောင်ရာတွင် “တယ်လီနောနှင့် MIDO တို့အနေဖြင့် “ဒေသတွင်း အိုင်စီတီ နည်းပညာကို ဖွံဖြိုးတိုးတက်စေလိုသော ဒေသခံများ” နှင့် ပူးပေါင်းကာ Social Enterprise (လူမှုစီးပွားရေး) အသွင်မျိုးဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အလင်းအိမ် “ICT” နည်းပညာ ဖွံ့ဖြိုးရေး စင်တာများမှ ဒေသတွင်း အိုင်စီတီ ဖွံ့ဖြိုးရေးအတွက် အလင်းအိမ် စင်တာတွင် သင်တန်းများ ဖွင့်လှစ် ပို့ချခြင်း ၊ ကျေးလက်ဒေသများသို့ မိုဘိုင်းဖုန်းအသုံးချ အချက်အလက်ရှာဖွေမှု ဆိုင်ရာသင်တန်းများ ပေးခြင်း နှင့် ကျေးလက်ဒေသများသို့ လက်ဆင့်ကမ်း ICT နည်းပညာ ဖြန့်ဖြူးနိုင်ရေးအတွက် သင်တန်းဆရာများ မွေးထုတ်ပေးနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။


တည်နေရာ

Light House Facebook :Light House

MIDO

အမှတ် (၂၀) ၊ ဗိုလ်မင်းခေါင်လမ်း ၊
ဗိုလ်စိန်မှန်ရပ်ကွက် ၊ တာမွေအဝိုင်းအနီး ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ။
Website: www.myanmarido.org

Telenor

Telenor House ၊
အမှတ် (၄၀) ၊ စက်မှု (၁) လမ်း ၊
ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။
Website: www.telenor.com.mm