လူထုအခြေပြု သတင်းအချက်အလက်ဌာနများအကြောင်း

အလင်းအိမ်ဆိုတာ ဘာလဲ။

တိုးတက်ပြောင်းလဲ နေသော နည်းပညာသစ်များကို မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ဒေသခံများ အနေဖြင့် ထိထိရောက်ရောက်အသုံးချပြီး ဒေသတွင်း လူမှုဘဝ မြှင့်တင်ရေအတွက် အကောင်ဆုံးသော မိုဘိုင်းသင်ခန်စာများ၊ သတင်းချက်အလက် ရှာဖွေပေးမှုများ နှင့် ဖွံ့ဖြိုးရေးအတွက် ICT နည်းပညာ များကို မျှဝေပေးရန် တယ်လီနော မြန်မာနှင့် ဒေသတွင်း NGO တစ်ခုဖြစ်သည့် ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) တို့ မှ နိုင်ငံတစ်ဝှမ်းလုံးတွင် ဖွင့်လှစ်နေသည် စင်တာများ။

information3ဒေသတွင်း မှာ ဒီစင်တာရှိရင် ဘာတွေ အကျိုးရှိမလဲ။

• ဒေသခံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်တဲ့ နေရာတစ်ခု
• ဒစ်ဂျစ်တယ်နည်းပညာ တက်မြောက်မှု စင်တာ တစ်ခု
• နည်းပညာ ဖွံ့ဖြိုးမှုအတွက် အသိပညာ နှီးနှောဖလှယ်ရာ ဆုံချက်တစ်ခု ရှိလာမှာပါ။

စင်တာဖွင့်လှစ်သူတွေဘက်ကကော ဘယ်လို အကျိုးရှိမှာလဲ။

သင်တန်းများဖွင့်လှစ်ခြင်းက ရရှိတဲ့ အကျိုးအမြတ်များ၊ တယ်လီနော ထုတ်ကုန်များ ရောင်းချခြင်းမှ ရရှိသော အကျိုးအမြတ်များ၊ print / copy ၀န်ဆောင်မှုများမှ ရရှိသော အကျိုးအမြတ်များကို စင်တာရည်ရှည် တည်တံ့စေရေးအတွက် စင်တာဖွင့်လှစ်သူမှသာ ခံစာရရှိမှာ ဖြစ်ပါတယ်။

တယ်လီနော မြန်မာနှင့် MIDO ဘက်က စင်တာအတွက် ဘာတွေ ထောက်ပံ့မှာလဲ ။

စင်တာအတွက်လိုအပ်သော ကွန်ပျူတာ များ၊ Tablet များ၊ Printer ၊ Copier machine၊ Projector အင်တာနက် ထောက်ပံ့ပေးမှု လိုအပ်သော သင်တန်းပေးမှုများအပြင် အခြားသော စိတ်ဝင်စားဖွယ်ရာ ထောက်ပံ့ပေးမှုများ
ပစ္စည်းတွေအတွက်ကော ငှားရမ်းခပေးဆောင်ရန် လိုပါသလား ။
အခမဲ့ ငှားရမ်းထားပြီး စင်တာမှ ရရှိသော မည်သည့် ငွေကြေးအကျိုးအမြတ်ကိုမှ တယ်လီနော မြန်မာနှင့် MIDO ဘက်က ခံစားမည်မဟုတ်ပါ။

ဒါဆိုရင် တယ်လီနော မြန်မာနှင့် MIDO ရဲ့ “အလင်းအိမ်” စင်တာအပေါ် ရည်ရွယ်ချက်က ဘာလဲ ။

ကျနော်တို့ အထက်မှာ ဖော်ပြခဲ့ သလို ဒေသတွင်း အိုင်စီတီဖွံ့ဖြိုးမှု ၊ နည်းပညာကွာဟချက် ကျဉ်းမြောင်းမှု ၊ ဒေသခံ လူထုအတွက် မှန်ကန်အကျိုးရှိတဲ့ သတင်းအချက်ထိရောက်စွာရရှိနိုင်ဖို့က ကျနော်တို့ရဲ့ရည်ရွယ်ချက် ပါ ။ ဒါကိုတော့ စင်တာဖွင့်လှစ်သူက ကျနော်တို့နဲ့ အတူပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။

information1

စင်တာဖွင့်လှစ်သူက ဘာတွေပူးပေါင်းကူညီရမှာလဲ ။

နည်းပညာ ဖွံ့ဖြိုးရေး သင်တန်းများကို ကျေးလက်ဒေသများသို့ သွားရောက်သင်ကြားပေးခြင်း ၊ လက်ဆင့်ကမ်း သင်တန်းပို့ချပေးလို သူများအား ဆရာဖြစ်သင်တန်းများပို့ချပေးခြင်း၊ ဒေသခံများ လိုအပ်သော သတင်းအချက်အလက်များကို မှန်ကန်ထိရောက်စွာ ဖြန့်ဖြူးပေးခြင်း တို့ကို တော့ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။

စင်တာ ဖွင့်လှစ်လိုသူအတွက် အဲဒီပူးပေါင်းမှုတွေ အပြင်ဘာတွေလိုအပ်ပါသလဲ ။

စင်တာဖွင့်လှစ်ဖို့နေရာ၊ လိုအပ်သော ကွန်ပျူတာ နည်းပညာဆိုင်ရာ အခြေခံကျွမ်းကျင်မှု နှင့် ဆက်စပ်လုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ရန် ရင်းနှီးမြုတ်နှံနိုင်မှု အနည်းငယ် တော့ ရှိဖို့လိုပါတယ်။

စိတ်ဝင်စားသူ အနေနှင့် ဘယ်လိုလျှောက်ထားရမှာပါလဲ ။

www.lighthouse.com.mm မှာ သွားပြီး လျှောက်လွှာဆိုတဲ့ နေရာမှာ လိုအပ်သည်များကို ဖြည့်စွက်ပြီး လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း – 095501946, 0942025723, 09795919404 သို့ ဆက်သွယ်၍ သော်လည်းကောင်း MIDO ရုံးခန်းဖြစ်သည့် အမှတ် (၂၀) ၊ ဗိုလ်မင်းခေါင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက် ၊ ဗဟန်း ၊ရန်ကုန် သို့လည်းကောင်း ဆက်သွယ်မေးမြန်နိုင်ပါသည်။

IMG_5619

Light House Team