စိုက်ပျိုးရေး

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနရဲ့ တရားဝင် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေ လယ်ယာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ နောက်ဆုံးရသတင်း၊ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ၊ ဌာနအသီးသီးရဲ့ အချက်အလက်တွေကို သည်ဝက်ဘ်ဆိုက်မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အစရှိတာတွေကို ကြည့်ရှုနို်င်ပါတယ်။

Green Way Myanmar

စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာ၊ အလုပ်အကိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်စိုက်ပျိုးနည်းဗျူဟာများ ကိုတစ်နေရာတည်းမှာ စုစုစည်းစည်းရယူနိုင်တဲ့ ၀က်ဆိုက်ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ (ဘုရင်နောင် ကုန်စည်ဒိုင်)

ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ၏ အသင်းအကြောင်းများ ၊ အသင်းသမိုင်းများ ၊ အသင်းဝင်ခွင့်ပုံစံများ ၊ ပြည်တွင်းစျေးကွက် ၊ ပြည်ပတင်ပို့စျေးကွက်များ စသဖြင့် ၀န်ဆောင်မှုများ ၊ သတင်းများ ၊ လှုပ်ရှားမှုများ ကို ၀င်ရောက်ကြည့်ရှှုနိုင်ပါသည်။ နေ့စဉ် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများစျေးနှုန်းများ ၊ ရေထွက်ကုန်ပစ္စည်းစျေးနှုန်းများ ၊ ကုန်မျိုးစုံစျေးနှုန်း ၊ မန္တလေးကုန်စည်ဒိုင်၏ ကုန်စျေးနှုန်းသတင်း ကို http://www.yangoncommodityexchange.com/my/local-prices တွင် နေ့စဉ် ၀င်ရောက်ကြည့်ရှှုနိုင်ပါသည်။

စိုက်ပျိုးရေးအကြံပေးအဖွဲ့

“စိုက်ပျိုးရေးအကြံပေးအဖွဲ့” လေးကနေ စိုက်ပျိုးရေး နဲ့ ပတ်သက်ပြီး အချင်းချင်း ဆွေးနွေး၊ ဝေမျှ၊ လေ့လာဖို့ အတွက် ဦးတည်ဖွဲ့စည်းပြီး စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးလို့ရပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ ဗဟုသုတဆောင်းပါး တွေကိုလည်း PDF နဲ့ ဖော်ပြပေးထားတာတွေ့ရပါတယ်။

စိုက်ပျိုးရေးတောင်သူများအတွက် သတင်း

စိုက်ပျိုးရေးတောင်သူတွေအတွက် စိုက်ပျိုးရေးနည်းဗျူဟာတွေနဲ့ သတင်းတွေကို စိုက်ပျိုးရေးပညာရှင်တွေက ဆောင်းပါးတွေသတင်းတွေရေုးပြီးဖော်ပြနေတဲ့ ဂရုပ်တစ်ခုဖြစ်ပါတယ်။ သည်ပေ့ချ်ကတော့ wall ပေါ်မှာ စိုက်ပျိုးရေးတောင်သူများအတွက် အကျိုးရှိစေနိုင်သော သတင်းများ နည်းပညာများကို group ထဲမှ သူငယ်ချင်းများ.. အဖွဲ့မဝင်ရသေးသော သူငယ်ချင်းများအားလုံး ၀င်ရောက်ရေးသားနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား.. ဒီသတင်းအချက်အခက်တွေဟာ တောင်သူများ ဖတ်ရှုနိုင်ပေါ့မလားလို့ တချို့သူငယ်ချင်းများက မေးကြပါတယ်.. ဟုတ်ပါတယ် FB ကို တောင်သူ level မှာ အသုံးပြုနိုင်ခြင်းမရှိပေမဲ့.. တောင်သူများကို services ပေးနေကြသော စိုက်ပျိုးရေးဝန်ထမ်းများ.. စိုက်ပျိုးရေး company မှ ၀န်ထမ်းများက တဆင့်ခံ ပြောကြားနိုင်ရန်ရည်ရွယ်ပြီး ဒီ group စာမျက်နှာကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါသည်။..

စိုက်ပျိုးရေးနည်းပညာနှင့်ဗဟုသုတများ

စိုက်ပျိုးရေးတောင်သူတွေအတွက် စိုက်ပျိုးရေး နဲ့ ပတ်သတ်တဲ့ လေ့လာသင်ယူသင့်တဲ့ ဗွီဒီယိုဖိုင်များ၊ ဓာတုအဆိပ်များမသင့်အောင် ဓာတုလွတ်နည်းပညာများ ကိုလေ့လာနိုင် အောင်ဆောင်းပါးတွေကိုပါ ဖော်ပြပေးထားတာ တွေ့ရပါတယ်။

GreemAgarwood (သစ်မွှေး စိတ်ပါ၀င်စားသူများအဖွဲ့)

သစ်မွှေးစိုက်ရန် စိတ်ဝင်စားသူများအတွက် အသုံးဝင်မယ့် Facebook Group တစ်ခုဖြစ်ပါတယ်။ အခက်အခဲများကို နားလည်တတ်ကျွမ်းသူများကိုမေးမြန်းနိုင်ပြီး နည်းလမ်းများလည်းရယူနိုင်ပါတယ်။

နည်းသစ်စွယ်စုံ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဂျာနယ်

မွေးမြုရေးနဲ့ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ သတင်းများ၊ စိုက်ပျိုးရေးနည်းပညာများ၊ကုန်စျေးနှုန်း၊ ဆောင်းပါး၊ ကျန်းမာရေး၊ နိုင်ငံတကာသတင်းနဲ့ ၊ စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူတွေနဲ့ အင်တာဗျူးကဏ္ဍ စတာတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Agronomy guides for Myanmar

ပဲပုပ်စိုက်ပျိုးနည်း များ ၊ စပါး ထုတ်လုပ်နည်း ရာသီဥတုလွှမ်းမိုးမှုအခြေခံများ စသဖြင့် အမျိုးမျိုးသော စိုက်ပျိုးနည်း စာအုပ်များကို pdf အဖြစ် ဒေါင်းလုပ်ဆွဲယူနိုင်ပါသည်။