ပညာရေး

ပညာရေးဝန်ကြီးငှာန

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ တရားဝင် ၀က်ဆိုက်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ သတင်းများ ၊ ကြေငြာချက်များ ၊ လုပ်ငန်းဆောင်တာများ ၊ မှတ်တမ်းမှတ်ရာများ ၊ စာရိတ္တနှင့်ပြည်သူနီတိ အခြေခံစိုက်ပျိုးရေးပညာ ကလေးဗဟိုပြုသင်ကြားနည်း စသည့် ကျောင်းသုံးစာအုပ်များ ၊ ၂၀၁၄ ၂၀၁၅ တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာများ ကြည့်ရှူနိုင်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တက္ကသိုလ်ဝင်တန်း အောင်စာရင်းရလဒ်များ ကို အွန်လိုင်းမှ တဆင့် လည်း သည်ဝက်ဆိုက်တွင် ၀င်ရောက်ကြည့်ရှှုနိုင်မည်ဖြစ်သည်။

Maukkha Education Magazine

မောက္ခပညာရေး မဂ္ဂဇင်း ရဲ့ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ အဲဒီ မဂ္ဂဇင်း မှာပါတဲ့ ပညာရေးဆောင်းပါး၊ သင်ခန်းစာတွေနဲ့ သတင်းတွေကို လေ့လာ ဖတ်ရှုနိုင်ပါမယ်။ နိုင်ငံတကာသတင်း ၊ မြန်မာ့ပညာရေးသတင်းများ ၊ ကိုးကားစရာ စာအုပ်စင်များ ၊ ကလေးကဏ္ဍ များ ၊ လူမှုသိပ္ပံ ၊ သဘာဝသိပ္ပံ ၊ နည်းပညာ စသဖြင့် ဘာသာရပ်များ ၊ တက္ကသိုလ်ကဏ္ဍ ပညာရပ်စာတမ်းများ ၊ ဆရာအတတ်ပညာ နှင့်ပတ်သတ်သော အကြောင်းအရာများကို စုံစုံလင်လင်ကြည့်ရှှုနိုင်ပါသည် ။

The Best English 4 You

အမေရိကန်ကိုရောက်နေတဲ့ ဦးမောင်မောင်ဝမ်းကနေပြီး မြန်မာတွေအင်္ဂလိပ်စာလေ့လာနိုင်စေဖို့ လုပ်ထားတဲ့ ၀က်ဆိုက်တစ်ခုပါ။ ဒီဝက်ဘ်ဆိုက်မှာ အင်္ဂလိပ်စာသင်ခန်းစာတွေ၊ ဗွီဒီယိုတွေနဲ့ US Citizenship Test တွေကိုလေ့လာနိုင်ပါတယ်။

Education For Myanmar Youths

ပညာရေးနှင့် ပတ်သက်သောဆောင်းပါးများဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Myanmar Study Abroad

သပြေ Non-Profit အဖွဲ့အစည်းမှ တင်ပေးထားသော ၄င်းဝက်ဘ်ဆိုက်တွင် နိုင်ငံတကာမှ ပညာသင်ဆု အချက်အလက်များ ရရှိနိုင်ပြီး မိမိလေ့လာလိုသည့် ပညာရပ်၊ တက္ကသိုလ် များနှင့် ပတ်သက်ပြီး သိလိုသော အကြောင်းအရာတော်တော်များများကို စုံစုံလင်လင် သိရှိနိုင်သည်။ မိမိကိုယ်ကိုယ် မည်သည့်ဘာသာကို မည်သည့်တက္ကသိုလ်တွင် လေ့လာရမည် ဆိုသည်ကို မသေချာသေးသော လူငယ်များကိုလည်း အခမဲ့ အကြံပေးသည့် ၀န်ဆောင်မှုများ လည်းရနိုင်သည်။

Myanmar Network

ဗြိတိသျှကောင်စီ မှလွှင့်တင်သော ၀က်ဆိုက်ဖြစ်ပြီး၊ အင်္ဂလိပ်စာသင်ခန်းစာများ၊သင်တန်းအကြောင်းများ၊ အင်္ဂလိပ်စာနှင့် ပတ်သက်သော ဆောင်းပါးများ ကိုဖတ်ရှုလေ့လာနိုင်သည်။ အဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့် အင်တာနက် မှတိုက်ရိုက် ထိတွေ့ မေးမြန်းနိုင်သောကြောင့် လေ့လာသူများအဖို့အကျိုးရှိလှသည်။

ဗြိတိသျှကောင်စီ

ဗြိတိသျှကောင်စီမှ ဖွင့်လှစ်သည့်အင်္ဂလိပ်စာသင်တန်းအကြောင်းများ ၊ IELTS စာမေးပွဲများ IELTS သင်တန်းများအကြောင်း ၊ ယူကေတွင် ပညာသင်ယူနိုင်သည့်သတ;င်များ ၊ စာကြည့်တိုက်ဝန်ဆောင်မှုများ ၊ အနုပညာ ၊ ပညာရေးနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းများ စသည့်သတင်းများ ဖတ်ရှူနိုင်ပါသည်။

Myanmar mobile application Store

နောက်ဆုံးပေါ်မိုဘိုင်းလ်ဖုန်းများနှင့် မိုဘိုင်းလ်ဖုန်း OS များနှင့်ပတ်သတ်သော သတင်းများ ၊ မိုဘိုင်းလ်ဖုန်း OS များအကြောင်း သိကောင်းစရာများ ၊ Andriod နှင့် Apple section များ တွင် Game review များ ၊ အသုံးဝင်သည့် application review များ ၊ ဖုန်း Firmware များ ၊ iOS jailbreak လုပ်သည့် tools များ ၊ Andriod Root လုပ်သည့် tools များ နှင့်၊ မိုဘိုင်းလ်ဖုန်း software application ဆိုင်ရာ နှင့် Hardware ဆိုင်ရာ Tutorials သင်ခန်းစာများ ၊ သိကောင်းစရာ ဗဟုသုတများကို စုံစုံလင်လင်ဖော်ပြထားသည့် အသုံးဝင်သည့်ဝက်ဆိုက်ဖြစ်ပါသည်

United Nations Public Administration Network

United Nations Public Administration Network ဖြစ်ပြီး ယင်း ၀က်ဘ်ဆိုက်တွင် Public Administration,E government, Public Management တို့နှင့် သက်ဆိုင်သည့် သုတေသနစာတမ်းများ အချက်အလက်များအပြင် Online တက်ရောက်ရယူနိုင်သော UN မှချီးမြှင့်သည့် Certificate Course များလည်းရှိသည်။

Epopasia

TOEFL Course ကိုလေ့လာချင်တဲ့ လူငယ်တွေအတွက် အကောင်းဆုံး အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မြန်မာ၊ ထိုင်း နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ နေထိုင်တဲ့သူတွေ တက်ရောက်ခွင့်ရှိပါတယ်။ ၀င်ခွင့်စာမေးပွဲဖြေဆိုရမှာဖြစ်ပြီး ၀င်ခွင့်ကို TOEFL စာမေးပွဲအတိုင်းဖြေရမှာပါ။ ၀င်ခွင့်က ကျတယ်လို့မရှိပါဘူး။ ၀င်ခွင့်အမှတ် ၅၀၀ ကျော်တဲ့သူတွေက တိုက်ရိုက် TOEFL ဖြေဖို့ အတွက် လေ့ကျင့်ပေးတဲ့ Course ကိုတက်ခွင့်ရပါမယ်။ ၄၀၀ ကနေ ၅၀၀ အတွင်း ရတဲ့သူတွေက Acedamic English Level 2 ကိုတက်ခွင့်ရမှာဖြစ်ပြီး ၄၀၀ အောက် ရမှတ် တွေကတော့ Acedamic English Level 1 ကို လေ့လာခွင့်ရမှာပါ။ ၀င်ခွင့်အောင်တာနဲ့ portal.epopasia.org ကိုဝင်လို့ရမယ့် ကုတ်နံပါတ်ရရှိမှာဖြစ်ပြီး သက်ဆိုင်ရာစာအုပ်တွေ ကိုလည်းထုတ်ယူလို့ရပါတယ်။ နယ်ကကျောင်းသားတွေကို လည်းအဆင်ပြေသလို ပို့ပေးပါတယ်။ တပတ်အတွင်းလေ့လာရမယ့် အခန်းတွေကို အဲဒီဝက်ဆိုက်မှာဖော်ပြပေးထားပြီး တပတ်တစ်ခါ စာမေးပွဲကို အင်တာနက်ကနေဖြေဆိုရမှာပါ။ သင်တန်းကြေးက စာအုပ်ဖိုး နဲ့ လခ ပေါင်းပြီး ၄၀၀၀၀ သတ်မှတ်ထားပေမယ့် အလွဲသုံးစားမဖြစ်ရအောင် အဖြစ်သဘောကြေငြာထားတာပါပဲ။ ပိုက်ဆံမတတ်နိုင်လို့ မပေးနိုင်ဘူးဆိုရင် Grant လျှောက်လို့ရပါတယ်။ တစ်ပြားမှပေးစရာမလိုပါဘူး။ ဆရာနဲ့ သင်ချင်တဲ့သူတွေအတွက် အမေရိကန်နိုင်ငံသား ဆရာတစ်ယောက် ခန့်ထားပေးထားပါတယ်။ အဲဒီသင်တန်းပြီးလို့ အဆင့်မှီတယ်ဆိုရင် တကယ့် TOEFL စာမေးပွဲကို အခမဲ့ ဖြေဆိုရမှာဖြစ်ပါတယ်။ နှစ်ကြိမ်တောင်ဖြေခွင့်ရှိပါတယ်။

Stack Overflow

Computer Programming နှင့် ပတ်သက်သည့် အမေးအဖြေများကို တစ်နေရာတည်းတွင် စုံလင်စွာတွေ့နိုင်သော ၀က်ဆိုက်တစ်ခုဖြစ်သည်။

Code

Computer Programming ကိုကလေးမှအစ သက်မွေးဝမ်းကျောင်းအဆင့်အထိ လေ့လာနိုင်သော သင်တန်းများကို အခမဲ့ရရှိနိုင် သော ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည်။

W3 Schools

Web Site development ဘာသာရပ်များအားလုံး (PHP, ASP.NET, MYSQL, etc….) သင်ခန်းစာများနှင့် Beginner မှ Professional Level အထိ အခမဲ့ သင်ကြားနိုင်သည်။

Academic IELTS English Help

IELTS သင်ခန်းစာများကို နိုင်ငံတကာဆရာများမှ သင်ကြားပို့ချချက်များကို ဗွီဒီယိုဖိုင်များဖြင့် သင်ယူနိုင်သည်။

Engvid

IELTS, TOEFL အပါအဝင် General English, Acedamic English, Business English သင်ခန်းစာများ မှတ်သား စရာများကို ဗွီဒီယိုဖိုင်များဖြင့် အခမဲ့သင်ကြားနိုင်သည်။ နာမည်ကြီး အင်္ဂလိပ်စာဆရာများမှ ပညာဒါနလာရောက်သင်ကြားပေးနေသော ၀က်ဆိုက်ဖြစ်သည်။

APCICT Virtual Academy

အာရှပစိဖိတ် အိုင်စီတီတိုးတက်ရေးအဖွဲ့မှ လွှင့်တင်ပေးထားသော အွန်လိုင်း စာသင်ခန်းဖြစ်သည်။ ၄င်းဝက်ဆိုက်တွင် ICT Essentials for Government Leaders ၊ Primer Series on ICTD for Youth အစရှိသည့် သင်ခန်းစာများကိုသင်ကြားနိုင်သည်။

Center for Burma Studies

အမေရိကန်နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ အီလီနွိုက်စ် တက္ကသိုလ် မှာ သင်တဲ့ မြန်မာအကြောင်းသင်ခန်းစာတွေ၊ အနုပညာ၊ ယဉ်ကျေးမှု ၊ သမိုင်း နဲ့ အခြားသော မြန်မာနဲ့ဆိုင်တဲ့ ဘာသာရပ်တွေကိုလေ့လာနိုင်ပါတယ်။

Chan Myae Library

ပြည်တွင်းမှာထွက်ရှိနေတဲ့ သုတရသစာအုပ်တွေ ၀တ္ထုတွေကို တိုုက်ရိုက်ဒေါင်းလုပ်ရယူနိုင်ပါတယ်။ကဗျာ ၊ကာတွန်း၊ နည်းပညာ၊ ပုံပြင်၊ ၀တ္ထုတို၊ ၀တ္ထုရှည်တွေကို်လည်း အခမဲ့ဒေါင်းလုပ်ရယူပြီးဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Theik Khar Myanmar Institute

သိက္ခာမြန်မာသည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့် အင်္ဂလိပ်စာ၊ Gender Equity၊ လူ့အခွင့်အရေးစသောဘာသာရပ်များကိုသင်ကြားပေးလျှက်ရှိသည်။ တက္ကသိုလ်အကြိုတန်းကဲ့သို့ Intensive Training များကိုလည်း နိုင်ငံခြားသားပညာရှင်များက ပညာဒါနသင်ကြားပေးသည်။ အခြား အခပေး(အနည်းအကျဉ်း) သင်တန်းများဖြစ်သော IELTS, General English သင်တန်းများကိုလည်းတက်နိုင်သည်။ Official Website မှာ http://www.tkmyanmar.com/ ဖြစ်ပါသည်။

စိုင်း အဘိဓာန် (Saing Dictionary)

မြန်မာအင်္ဂလိပ် နှစ်မျိုးလုံးကို ဘာသာပြန်ပေးနိုင်တဲ့ ၀က်ဘ်ဆိုက်ဖြစ်ပါတယ်။ စကားလုံးတွေကို တိုက်ရိုက်ဘာသာပြန်နိုင်ပြီး တချို့ စကားလုံးတွေရဲ့ အဓိပ္ပါယ်လေးတွေကို ရုပ်ပုံလေးတွေနဲ့ ပါဖော်ပြပေးထားတာတွေ့ရပါတယ်။ နေ့စဉ်ငွေလဲ စျေးနှုန်းတွေကိုလည်း သည်ဝက်ဘ်ဆိုက်မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။