အလုပ်အကိုင်

United Nations

UN Country Team နဲ့ Humanitarian Country Team တို့က မြန်မာနိုင်ငံအတွက်လုပ်ပေးထားတဲ့ဝက်ဘ်ဆိုက်ပါ။ NGO တွေရဲ့ ဆက်သွယ်ရန် လိပ်စာ၊ အစိုးရအချက် အလက်တွေ၊ သုတေသန စစ်တမ်းထုတ်ပြန်ချက် တွေနဲ့ NGO အလုပ်အကိုင်တွေမှန်သမျှဒီဝက်ဆိုက်မှာကြော်ငြာပါတယ်။

Work.com.mm

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေတဆင့်ရှာနိုင်ပါတယ်။ Register လုပ်ဖို့လိုအပ်မှာဖြစ်ပြီး အဲဒီကတဆင့် အလုပ်ရှင်ကို အီးမေးလ်ပို့ပေးပါတယ်။ ကိုယ်လျှောက်ထားတဲ့ အီးမေးလ်ကို အလုပ်ရှင်ကတွေ့တာနဲ့ ပြန်အကြောင်းကြားပေးပါတယ်။

Myjobs

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေ တဆင့်ရှာနိုင်ပါတယ်။

Myanmarjobsdb

MyanmarJobsDB သည် စီးပွားရေးလုပ်ငန်းရှင်များ၊ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေသူများ အားလုံးအတွက် တစ်နေရာထဲတွင် အဆင်ပြေလွယ်ကူ မြန်ဆန်စွာဖြင့် အလုပ်ကြော်ငြာတင်ခြင်း၊ အလုပ်အကိုင်ရှာဖွေခြင်းများ ပြုလုပ်နိုင်သော အင်တာနက်စာမျက်နှာ ဖြစ်ပါသည်။

Jobformyanmar

Asia Masters Tourism & Hospitality Training Center မှ ဖွင့်လှစ်ထားသော အင်တာနက် စာမျက်နှာဖြစ်သည် ။ အလုပ်အကိုင်သတင်းများ ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ၊ ပညာရေးနှင့် ဘာသာစကား စသဖြင့် အကြောင်းအရာများကို ၀င်ရောက်ကြည့်ရှှုနိုင်ပါသည်။

အလုပ်အကိုင် ရှာဖွေ (Job Seekers)

Job seeker အလုပ်အကိုင်ဂျာနယ်ရဲ့ ၀က်ဆိုက်ဖြစ်ပါတယ်။ သတင်းတွေနဲ့ အလုပ်အခွင့်အလမ်းတွေကို ဖတ်ရှုနိုင်ပါတယ်။

Hotjobs

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေ တဆင့်ရှာနိုင်ပါတယ်။

Career

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေတဆင့်ရှာနိုင်ပါတယ်။

Myanamr Jobs Market

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေ တဆင့်ရှာနိုင်ပါတယ်။

Best Myanmar Job

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေ တဆင့်ရှာနိုင်ပါတယ်။

Dream Job Myanmar

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေ တဆင့်ရှာနိုင်ပါတယ်။

United Nations

ကုလသမဂ္ဂအဖွဲ့အစည်းအားလုံးက မြန်မာနိုင်ငံအတွက်ခေါ်တဲ့ အလုပ်အကိုင်တွေကို ဒီဝက်ဆိုက်မှာဝင်ကြည့်နိုင်ပါတယ်။

Jobs In Myanmar

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေတဆင့်ရှာနိုင်ပါတယ်။

Myanmar Job network

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေတဆင့်ရှာနိုင်ပါတယ်။ မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှူနိုင်ပါသည်။

Value Added Consultantcy

ရန်ကုန်အခြေစိုက် VAC အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရဲ့ ၀က်ဆိုက်ပါ။ Online ကနေ ဖောင်ဖြည့်လို့ရသလို ရုံးခန်းကိုသွားပြီး ဖောင်ဖြည့်လို့လည်းရပါတယ်။ Online ကဆိုအခမဲ့ဖြစ်ပြီး ရုံးခန်းကိုသွား တင်ရင်တော့ ခန့်မှန်းခြေ ၃၀၀၀ ကျပ်ပေးရပါတယ်။ အင်တာဗျူးဖြေခွင့်ရအောင် အာမခံဆောင်ရွက်ပေးပါတယ်။

HRXPAND

စင်္ကာပူ နိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများအတွက် အလုပ်ရှာပေးတဲ့အေဂျင်စီဖြစ်ပါတယ်။ ၀က်ဆိုက်မရှိသေးပါဘူး။ အဲဒီကိုသွားပြီး ၀န်ဆောင်ခ ၅၀၀၀ ပေးပြီး ဖောင်ဖြည့်ရပါတယ်။

Jobs for Oil Gas Industory in Myanmar

ရေနံနှင့် သဘာဝဓါတ်ငွေ့ အလုပ်အကိုင်များသက်သက် တင်ပေးသော Facebook စာမျက်နှာတစ်ခုဖြစ်သည်။

Jobs in Yangon

ရန်ကုန်က အလုပ်တွေကိုချည်းစုစည်း တင်ပေးထားတဲ့အတွက် ရန်ကုန်မှာအလုပ်လုပ်ချင်သူတွေအတွက်အဆင်ပြေစေမယ့် ၀က်ဆိုက်ဖြစ်ပါတယ် ။ မြန်မာ ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြည့်ရှူနိုင်ပါသည်။

Jobsclipper

အလုပ်အကိုင်တွေကို ၀က်ဆိုက်ကနေတဆင့်ရှာနိုင်ပါတယ်။

Indeed

တစ်လကို လာရောက်လေ့လာသူ သန်း ၅၀ ကျော်နဲ့ အလုပ်အကိုင်ရှာဖွေသူ ၁ ဘီလီယံ လောက်ရှိတဲ့ site ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်အကိုင်ရှာဖွေရေး site တွေထဲမှာ ထိပ်ဆုံးလို့ပြောနိုင်တယ်။ အခမဲ့ site တစ်ခုဖြစ်ပြီးတော့ ကုမ္ပဏီ website ပေါင်း သန်းနဲ့ချီပြီး ညွှန်းပေးထားပါတယ်။ အလုပ်အကိုင် နယ်ပယ် ပေါင်းစုံအတွက် အညွှန်းတွေရှိတယ်။ များလွန်းလို့ ဘယ်ကစပြီး ရှာရမှန်းမသိအောင်တောင် ဖြစ်ရပါလိမ့်မယ်။ ကိုယ်ရှာချင်တဲ့လိုင်း၊ အလုပ်၊ နယ်ပယ်ကို ချုံ့ပြီးရှာတတ်မှ အလုပ်ဖြစ်နိုင်မယ်။ နေ့တိုင်းမရှာနိုင်ရင် ကိုယ့် inbox ထဲမှာ နေ့စဉ်အလုပ်ကို လာပြီးသတိပေးပါလို့ ပြောထားလို့ရတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့အထိ တစ်ပတ်ကို အလုပ်ပေါင်း ၆ သိန်း တောင်တက်လာတာတွေ့ရတယ်။

Simplyhired

အွန်လိုင်းပေါ်မှာ အလုပ်အကိုင် database တွေကို အများဆုံးစီစဉ်ပေးထားနိုင်တဲ့ site ကြီးတစ်ခုဖြစ်တယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဘုတ်အဖွဲ့တွေ၊ ကုမ္ပဏီတွေရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ site တွေ၊ သတင်း စာတွေ၊ NGO အဖွဲ့တွေ၊ အစိုးရ site တွေ စသဖြင့် ထောင်နဲ့ချီပြီး အညွှန်းတွေကို စီစဉ်ပေးထားတယ်။ အဲဒီ site ထဲဝင်မယ်ဆိုရင် account တစ်ခုကိုဖန်တီးရမယ်။ အမည်ပေး၊ save လုပ်၊ ကိုယ်နဲ့ဆက်သွယ်ရမယ့် အီးမေးလ်တွေပေးပြီးမှ သူတို့လိုင်းထဲက ဖော်ပြထားတာတွေကို ဝင်ကြည့်လို့ရမယ်။
သူ့ website ထဲမှာ အလုပ်ပေါင်း ၅ သန်းလောက်ကို ညွှန်းထားတာတွေ့ရလိမ့်မယ်။ အလုပ်ရှာချင်ရင် ကိုယ်လုပ်ချင်တဲ့ ပြည်နယ်၊ မြို့၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်အမျိုး အစားအလိုက်ရှာရင် ပိုမြန်တယ်။

Linkedin

၂၀၀၂ လောက်တုန်းက ရေ့ဒ် ဟော့ဖ်မင်း ဆိုသူက စိတ်ကူးရပြီး ဧည့်ခန်းထဲကနေ ထဆွဲခဲ့တဲ့ website တစ်ခုဖြစ်တယ်။ ခုဆိုရင်ကမ္ဘာ့အကြီးဆုံး အင်တာနက်ပေါ်က အလုပ်အကိုင်ကွန်ရက် site ကြီးတစ်ခုဖြစ် နေပြီ။ နိုင်ငံပေါင်း ၂၀၀ ကျော်က အဖွဲ့ဝင်ပေါင်း သန်း ၁၅၀ ကျော်ရှိတယ်။ တစ်စက္ကန့်ကို အဖွဲ့ဝင် နှစ်ယောက်တိုးနေတဲ့ site လို့ လည်းပြောနိုင်တယ်။ အခမဲ့သုံးနိုင်တယ်။ ကိုယ့်အကြောင်းတော့ ပြောပြ ထားရတယ်။
ဥပမာ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားမှုတွေကို ပြောပြထားရတယ်။ ပြီးရင် အခြားလူတွေကိုလည်း ဖိတ်ခေါ်ထားရတယ်။ တစ်ကြိမ်ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ network က အဆက် အသွယ်တွေ အများကြီးရလာလိမ့်မယ်။ ဘယ်ကုမ္ပဏီတွေက ဘယ်လိုအလုပ်မျိုးတွေရှာနေတယ်ဆိုတာ အချင်းချင်းလက်တို့ပြီးပြောသွားလိမ့်မယ်။ အလုပ်ရှင်နဲ့ မသိလည်း ကိစ္စမရှိဘူး။ ကိုယ့်ကို link လုပ်ပေးတဲ့သူကို မိတ်ဆက်ပေးခိုင်းလို့ရတယ်။ LinkedIn ဘုတ်အဖွဲ့ကို အလုပ်ရှင်တွေကလည်း လိုအပ်တဲ့ အလုပ်တွေကိုပို့၊ ရှာတဲ့သူတွေကလည်း လွတ်လပ်စွာ ရယူဆက်သွယ်နိုင်အောင် စီစဉ်ပေးထားတယ်။

Career Builder

အွန်လိုင်းကနေ အလုပ်ရှာမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အလုပ် site တစ်ခုဖြစ်တဲ့ CareerBuilder ကို ဝင်ကြည့်သင့်ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက စတင်ထူထောင်ထားတယ်။ ခုဆိုရင် တစ်လကို ၂၄ သန်းလောက်လာပြီး အလုပ်ရှာနေကြတယ်။ အလုပ်အကိုင်ပေါင်း ၁.၅ သန်း လောက်ကို စာရင်းတင်ပေးထားတယ်။ ဒီ site နဲ့ အလုပ်ရှင်ပေါင်း ၃ သိန်းလောက် အဆက်အသွယ်ရှိပြီး၊ အဲဒီ ကုမ္ပဏီအများစုဟာ Fortune1000 စာရင်းဝင်ကုမ္ပဏီတွေကချည်းဖြစ်တယ်။
အလုပ်ရှာသူက ကိုယ့်ကိုယ်ရေး ရာဇဝင်အကျဉ်း (CV) ၅ စောင်ကို တင်ထားပေးရတယ်။ အဲဒီ လူတွေ အလုပ်ရှာနေကြောင်း လက်ရှိအလုပ်ဌာနကမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ သူတို့ အလုပ် လျှောက်ချင်တဲ့ နေရာ ၅ ခုကို အီးမေးလ်နဲ့ ကိုယ့် CV တွေပို့ထားနိုင်တယ်။ သူတို့ကို ပြန်ဆက်သွယ်စေချင်ရင် အီးမေးလ်လိပ်စာပေးထားပြီး inbox မှာ ဝင်လာမယ့် ခေါ်စာ သို့မဟုတ် အကြောင်းကြားစာကို ထိုင်စောင့် နေရုံပဲ။
ကိုယ်က အလုပ်ကို ဘယ်နေရာမှာ ရှာရမှန်းလည်းမသိဘူး၊ ကိုယ့်အရည်အချင်းနဲ့ ဘယ်လိုအလုပ်အကိုင် သင့်လျော်မယ် မှန်းလည်း မသိဘူးဆိုရင် ကိုယ့် CV အတိုင်း သူ့ကို scan လုပ်ခိုင်းပြီးတော့ ကိုယ်နဲ့ သင့် လျော်မှာကို အကြံပေးခိုင်းလို့ရတယ်။

Monster

၁၉၉၄ ခုနှစ်ကတည်းက စတင်ထူထောင် ထားတယ်။ အွန်လိုင်းအလုပ်ရှာဖွေရေးမှာ လက်ဦးမှုရယူထားတယ်။ ပြည်တွင်းသတင်းစာတွေမှာ မတွေ့ရတဲ့ အလုပ်ခေါ်စာတွေကို တောင်တွေ့နိုင်တယ်။ အလုပ်အကိုင် ပေး ချင်သူတွေရော၊ လိုချင်သူတွေပါ အလေးထားကြရတဲ့ site တစ်ခုဖြစ်တယ်။ နာရီပိုင်း၊ အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်တွေကို သူ့နယ်ပယ်နဲ့သူ ခွဲခြားဖော်ပြထားတယ်။ အလုပ်ပေါင်း ၁.၁ သန်းကို စာရင်းတင်ထားတယ်။ အလုပ်အကိုင်ရှာဖွေနေသူတွေရဲ့ CV ပေါင်း ၄၁ သန်းလောက်ကိုလည်း ထိန်းသိမ်းဖော်ပြပေးထားတယ်။
ဒီ site မှာ အလုပ်လုပ်လိုသူရဲ့ ကိုယ်ရေးအကျဉ်း၊ တွေ့ဆုံမေးမြန်းချက်၊ ညှိနှိုင်းလစာ၊ ကုမ္ပဏီသာ သိစေချင်တဲ့ အခြားကိုယ့်အကြောင်းတွေကို ကြည့်နိုင်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ကိုယ် အလုပ် ရှာနေမှန်းမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ Monster ကသက်တမ်း ရှည်လာတာနဲ့အမျှ အလုပ် အကိုင်ကို ငွေယူပြီးရှာဖွေပေးနေတဲ့ ကုမ္ပဏီတွေက အမြတ်ထုတ်ပြီး စာရင်းတွေခိုးယူမှုတွေနဲ့လည်း ရင်ဆိုင် ရတယ်။

Craigslist

“ဒီ site ကတော့ အဆောင်၊ အိမ်ရှာချင်ရင်၊ TV အဟောင်းရောင်းချင်ရင်၊ အဆက်အသွယ် ပြတ်နေ သူတွေကိုရှာချင်ရင် အသုံးဝင်ရုံမက အလုပ်အကိုင်ရှာချင်သူတွေ အတွက်ပါ အဆင်ပြေပါတယ်။ အခြား အလုပ်ရှာ website တွေထက် အလုပ်အကိုင် တစ်မျိုးတည်းကို ဦးတည်မထားတာ ထူးခြားချက် လို့ ပြောနိုင်တယ်။ ကိုယ့် အီးမေးလ်ကို sign up လုပ်စရာလည်းမလိုဘူး။ ကိုယ့် CV ကိုပြောစရာလည်းမလိုဘူး။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အရေးတွေကတော့ အများကြီးရနိုင်တယ်။
အလုပ်တွေကို သူ့အမျိုးအစား၊ ခေါင်းစဉ်အလိုက် ခွဲခြားဖော်ပြထားတယ်။ ဥပမာ Admin/Office, Business/Mgmt, Writing/Editing စသဖြင့် ခေါင်းစဉ်လေးတွေခွဲထားတယ်။ အချို့ခေါင်းစဉ်တွေကျတော့ အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်ပိုကျယ် သွားတယ်။ ဥပမာ Salon/Spa/Fitness စသဖြင့် ဖြစ်တယ်။ အခြားတွေ့ရခဲတဲ့ လက်သည်း ပညာရှင်၊ အရောင်ပညာရှင်ဆိုတဲ့ ခေါ်စာတွေလည်းတွေ့နိုင်သေးတယ်။”

Glassdoor

ဒီ site မှာ ကိုယ် လုပ်ရမယ့်အလုပ်၊ ကိုယ့်အလုပ်ရှင် ကုမ္ပဏီအကြောင်းကို အခမဲ့ စုံစမ်းနိုင်တယ်။ အလုပ်ရှာ သူတွေအတွက် လစာ၊ ကုမ္ပဏီအကြောင်း၊ အင်တာဗျူးမေးခွန်းတွေကိုလည်း ဖော်ပြထားတယ်။ အလုပ်ရှင် ရော၊ အလုပ်သမားတွေကပါ ကိုယ့်အကြောင်း ကိုယ်ပို့ထားတာတွေ လေ့လာနိုင်တယ်။
အလုပ်အကိုင်တွေကို လစာနဲ့ရာထူးတွေကိုပါ နှိုင်းယှဉ်ပြထားတဲ့အတွက်လည်း ကိုယ်ကြိုက်ရာနေရာကို ပြောင်းရွှေ့နိုင်တဲ့ အခွင့် အလမ်းတွေရနိုင်တယ်။ ပြီးတော့ ဒီအလုပ်နဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေကိုပါ ဖော်ပြထားတဲ့အတွက် Facebook မှာ မိတ်ဆွေဖွဲ့ကာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကြောင်း၊ ကုမ္ပဏီအကြောင်းတွေကို စုံစမ်းနိုင်သေးတယ်။

Dice

နည်းပညာ၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကို အများဆုံးစုံစမ်းနိုင်တဲ့နေရာဖြစ်တယ်။ သူ့ အဆင့်တိုင်းအတွက် အလုပ်တွေကို ထောင်နဲ့ချီပြီးဖော်ပြပေးထားတယ်။ အလုပ်စလုပ်ချင်သူတွေရော၊ အတွေ့အကြုံရှိသူတွေရောအတွက်ပါ သူ့အဆင့်လိုက် အလုပ်တွေဖော်ပြထားတယ်။
နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်အကြောင်း၊ အလုပ်နဲ့ပတ်သက်တဲ့ အကြံပြုချက်၊ အမေးအဖြေ ကဏ္ဍတွေကိုလည်း လေ့လာနိုင်တယ်။ အလုပ်ရှာသူတွေက ကိုယ့် CV ကို ပို့ထားနိုင်တယ်။ နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ HP, Microsoft, Google တွေက အလုပ်ခေါ်စာတွေကိုလည်း တွေ့နိုင်တယ်။ လက်ရှိ အလုပ်ခေါ်ရာထူး နေရာပေါင်း ၈၄၀၀၀ လောက်တင်ထားတယ်။

Mediabistro

အလုပ်အကိုင် နယ်ပယ်တိုင်းအတွက်တော့ မဖော်ပြထားဘူး။ မဂ္ဂဇင်း၊ ရုပ်သံလိုင်း၊ ရုပ်ရှင်၊ ရေဒီယို၊ သတင်းစာ၊ အွန်လိုင်းမီဒီယာ၊ ကြော်ငြာ၊ ပြည်သူ့ဆက်သွယ်ရေး၊ ဒီဇိုင်း စတဲ့လုပ်ငန်းတွေအတွက် အယ်ဒီတာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဂရပ်ဖစ်ဒီဇိုင်းနာ၊ စာအုပ်ထုတ်ဝေသူ စတဲ့အလုပ်တွေကို ဝါသနာပါသူတွေအတွက် အားထားရတဲ့ အနုပညာလုပ်ငန်းသီးသန့်လိုင်းဖြစ်တယ်။ အခမဲ့ဝင်ကြည့်နိုင်တယ်။ အကြံဉာဏ်တွေ၊ ခေါ်စာတွေ၊ အလုပ်အကြောင်းတွေ သိချင်ရင်တော့ AvantGuild မှာ ပရီမီယံအဖွဲ့ဝင်အဖြစ် ဝင်ရမယ်။ အလုပ်၊ ဌာန၊ ဒေသတွေ ကိုရှာနိုင်တယ်။ နိုင်ငံအနှံ့ ဆက်သွယ်နိုင်တဲ့ အဆက်အသွယ်တွေ၊ စာတမ်း ဖတ်ပွဲတွေ၊ နာမည်ကျော် blog တွေကိုလည်း ဖော်ပြပေးထားတယ်။

Tweet My Jobs

ဆိုရှယ်ကွန်ရက်တွေ ခေတ်စားလာတာနဲ့အမျှ အလုပ်ရှင်နဲ့ အလုပ်သမား အွန်လိုင်းပေါ်ကနေ တိုက်ရိုက် ထိတွေ့နိုင်ခွင့်တွေရလာပါပြီ။ Facebook နဲ့ Twitter တွေကတစ်ဆင့် ကိုယ့်အကြောင်းတွေကို သိနိုင်တယ်။ အလုပ်ရှာသူတွေ အလုပ်သမားရော၊ အလုပ်ရှင်ပါ TweetMyJobs ကတစ်ဆင့် အီးမေးလ်၊ မိုဘိုင်းဖုန်း၊ Twitter တွေနဲ့ အလုပ်ဆိုင်ရာ အကြံပေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တယ်။ အလုပ် လိုင်းပေါင်း ၁၀၀၀၀ လောက်ကို Twitter နဲ့ ချိတ်ပေးထားတယ်။ နေ့စဉ် အလုပ်သစ် ပေါင်း ၅၀၀၀၀ လောက် တင်ပေးနေတယ်။ အကြံပေးချက်အတိုင်းလည်း သူ့လိုင်း အလိုက် ဝင်ရောက်လေ့လာနိုင်တယ်။