အစိုးရ ရုံး နှင့် ဌာနဆိုင်ရာများ

ပြန်ကြားရေးဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ပြည်တွင်း သတင်း၊ ၀န်ကြီး ဌာနတွေရဲ့ ကြေငြာချက်၊ နိုင်ငံတော် သမ္မတရုံး ကြေငြာချက် ထုတ်ပြန်ချက်၊ ဆောင်းပါး တွေကို နေ့စဉ် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြံပြုချက် တိုင်ကြားချက်တွေကို သည်ပေ့ချ် ကတဆင့် တိုက်ရိုက် ပေးပို့ နိုင်ပါတယ်။

စွမ်းအင်ဝန်ကြီးဌာန

သည်ဝက်ဘ်ဆိုက်မှာတော့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ဌာနအကြောင်း မြန်မာ့စွမ်းအင်ကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုနဲ့ဝန်ကြီးဌာနရဲ့ နောက်ဆုံးရသတင်းတွေကို ဖော်ပြပေးထားပါတယ်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ မူဝါဒများ၊ ဌာနတစ်ခုချင်းစီရဲ့ ကြေငြာချက်များ၊ ဆိပ်ကမ်းအခွန်အခနှုန်းထားများ၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုစာရင်းအင်း စတာတွေကို အသေးစိတ်ဖော်ပြထားတာတွေ့ရပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရဲ့ ထုတ်ပြန်ကြေငြာချက်များနောက်ဆုံးရသတင်းများ၊ ရေယာဉ်ဌားရမ်း အသုံးပြုနိုင်မယ့် အချက်အလက်များ၊ မိုးလေဝသတင်းများ၊ ဌာနမှတင်ဒါခေါ်ယူမှု ပုံစံများ စတာတွေကို ဖော်ပြပေးထားပါတယ်။

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန

လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနရဲ့ တရားဝင် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေ လယ်ယာ စိုက်ပျိုးရေးနဲ့ ပတ်သတ်တဲ့ နောက်ဆုံးရသတင်း၊ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများ၊ ဌာနအသီးသီးရဲ့ အချက်အလက်တွေကို သည်ဝက်ဘ်ဆိုက်မှာ ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အစရှိတာတွေကို ကြည့်ရှုနို်င်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်ပြီး နောက်ဆုံးရသတင်းများ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့ ၊လွှတ်တော်ကဏ္ဍ၊ ပြည်ထောင်စုဝန်ကြီးများနဲ့ ဒုဝန်ကြီးများစာရင်း၊ ၀န်ကြီးဌာနအလိုက်ပြောခွင့်ရပုဂ္ဂိုလ်စာရင်းတွေနဲ့ သမ္မတရုံးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန

ပို့ဆောင်ရေး ဦးစီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်းကောလိပ်၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြန်မာ့လေကြောင်း၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတွေရဲ့ နောက်ဆုံးရသတင်း အချက်အလက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန

ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနရဲ့ တရားဝင် ၀က်ဘ်ဆိုက်ဖြစ်ပြီး ဌာနရဲ့ထုတ်ပြန်ချက်များ၊ နောက်ဆုံးရသတင်းများ၊ မူဝါဒ၊ ဥပဒေနည်းဥပဒေနဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေနဲ့ လျှောက်လွှာပုံစံတွေကို ဖော်ပြထားပါတယ်။ ညွှန်ကြားမှုဦးစီးဌာနရဲ့ တင်ဒါခေါ်ယူမှုတွေကို လည်းဖော်ပြ ပေးထားတာ တွေ့ရပါတယ်။

ကနေဒါသံရုံး

ကနေဒါသံရုံးမြန်မာရဲ့ တရားဝင်ဖေ့ဘုတ်ပေ့ချ် ဖြစ်ပါသည်။ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်များ၊ သံအမတ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုများ၊ သံရုံးဝန်ဆောင်မှု၊ ဆက်သွယ်ရမယ့် လိပ်စာတွေကို အတိအကျဖော်ပြပေးထားပါသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မြန်မာနိုင်ငံနှင့် ပက်သက်သော မိုးလေဝသနှင့်ဆိုင်ရာ သတင်းအချက်အလက်များကို ထုတ်ပြန်ပေးနေသော သတင်း website တစ်ခုဖြစ်ပါတယ်။ မုန်တိုင်းသတင်း၊ ရေကြီးမှုသတင်း စတာတွေအပြင် ခန့်မှန်းချက်များကိုပါ ထုတ်ပြန်ပေးလျက်ရှိပါတယ်။ နောက်ဆုံးရသတင်းများကိုလည်း ဖတ်ရှုနိုင်မည် ဖြစ်ပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ တရားဝင် Facebook page ဖြစ်ပါတယ်။