Light House စင်တာ ဖွင့်လိုသူများအတွက် လျှောက်ထားရာတွင် လိုအပ်ချက်များ

စိတ်ပါ၀င်စား၍ လျှောက်ထားလိုသူများအနေဖြင့်

၁။ နည်းပညာအခြေခံရှိသူဖြစ်ရမည်။

၂ ။ မိမိဒေသအတွင်းရှိ ကျေးရွာများသို့ သွားရောက်ပြီး နည်းပညာဖွံ့ဖြိုးရေးအတွက် သင်တန်းများ သွားရောက် ပို့ချပေးနိုင်သူ ဖြစ်ရပါမည်။

၃။ နည်းပညာနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများကို စိတ်ကူးစိတ်သန်းကောင်းများဖြင့် အကောင်အထည်ဖော်နိုင်သော စိတ်အားထက်သန်သူများဖြစ်ရပါမည်။

၄။ အလင်းအိမ်စင်တာကို ဖွင့်လှစ်ရန်အတွက် သင့်လျော်သော အဆောက်အဦး(သို့) ဆိုင်ခန်း ရှိရန်လိုအပ်ပါသည်။

၅။ စင်တာရေရှည် ရပ်တည်နိုင်ရေးအတွက် နည်းပညာဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လည်ပတ်နိုင်ရန် သင့်လျော်သော အရင်းအနှီးကို ရင်းနှီးမြုပ်နှံနိုင်သူ ဖြစ်ရပါသည်။

၆။ အလင်းအိမ် စင်တာအားလုံး ပူးပေါင်းလုပ်ဆောင်မည့် ဒေသဖွံ့ဖြိုးရေး အစီစဉ်များတွင် ပါ၀င်ဆောင်ရွက်နိုင်သူ ဖြစ်ရပါသည်။

အသေးစိတ်သိရှိလိုပါက တနင်္လာနေ့မှ သောကြာနေ့ထိ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်းဖုန်းနံပါတ် ၀၉-၅၅၀၁၉၄၆ ၊ ၀၉-၇၉၅၉၁၉၄၀၄ ၊ ၀၉-၇၉၅၉၁၉၄၀၂၊၀၉-၇၉၅၉၁၉၄၀၀ မှာ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။

လျှောက်လွှာသို့